ဘေးတဇောင်း ဆံပင်စည်းထားပြီး အပေါ်မှာ ပန်းပွင့်တစ်ပွင့်ပြုလုပ်ထားတဲ့ ချစ်စဖွယ်ဆံပင်ပုံစံလေးကို မင်္ဂလာဆောင်နှင့် အလှူပွဲများသွားရသောသူတို့အတွက် ကိုယ်တိုင်ပြုလုပ်လို့ရအောင် ဖန်တီးထားပါတယ်။
1.ဆံပင်စည်းပါမည်။
အရှေ့ဆံပင်ကို နောက်သို့ယူစည်းပါ။
2.ကျစ်ဆံမြှီးကျစ်ပါမည်။
စည်းထားသော ဆံပင်ကိုသုံးပိုင်းခွဲပြီး သုံးချောင်းထိုးကျစ်ဆံမြှီးကျစ်ပါ။
3.ဆွဲဖွပါ။
ညာဘက်ခြမ်းကျစ်ထားသော ဆံပင်ကိုဆွဲဖွသွားပါ။
4.ပုံတွင်ပြထားသည့်အတိုင်းဖြစ်သွားပါမည်။
5.လိတ်တင်သွားပါမည်။
ပုံတွင်ပြထားသည့်အတိုင်း ဘယ်ဘက်သို့လိတ်တင်သွားပါ။
6.ကလစ်ထိုးပါ။
လိုအပ်သောနေရာကို လိုက်၍ကလစ်ထိုးပါ။
7.ပုံတွင်ပြထားသည့်အတိုင်း ဖြစ်သွားပါမည်။
8.စုစည်းပါ။
ကျန်ဆံပင်အားလုံးကို ဘေးဘက်သို့စုစည်းလိုက်ပါ။
9.ဆံပင်အနည်းငယ်ယူပါ။
စည်းထားသော ဆံပင်၏အောက်နားမှ ဆံပင်အနည်းငယ်ယူပါ။
10.သားရေကွင်းဖုံးပါမည်။
သားရေကွင်းအပေါ်သို့ အနည်းငယ်ယူထားသော ဆံပင်ကိုအမြှီးပိုင်းရောက်သည်အထိ ပတ်ပါ။
11.ကလစ်ထိုးပါ။
အမြှီးပိုင်းဆုံးသည့်နေရာမှာ ကလစ်ကို အောက်စိုက်ပြီးထိုးပါ။