လွယ်ကူပြီးတော့ အဆင်ပြေပြေနဲ့ ထုံးနိုင်အောင် Alice က တစ်ဆင့်ချင်းဆီ တင်ပြပေးမှာ ဖြစ်ပါတယ်။
1.ဆံထုံး ထုံးပါမယ်။
ဆံပင်ကို မြင့်မြင့်လေးစည်းပေးရပါမယ်။
ဆံထုံးထုံးရန် Donut ကွင်းကို ယူပါမယ်။
စည်းထားသော ဆံပင်ကို Donut ကွင်းလေးယူပြီးတော့ စွပ်ပေးရပါမယ်။
Donut ကွင်းစွပ်ပြီးတာနဲ့  ဆံပင်ကို အပေါ်ကနေ သေချာဖြန့် ပေးပါ။
ဆံပင်ကိုဖြန့်ပြီးတာနဲ့  ဆံထုံးပုံစံလေးဖြစ်အောင် ခေါင်းစည်းကြိုး နဲ့ အပေါ်ကနေစည်းပေးပါ။
အရှေ့တွင်ကျနေသောဆံပင်များကို ခွဲပေးရပါမယ်။
ခွဲထားသောဆံပင်ကို ဘေးသို့ စုပြီး သုံးချောင်းခွဲ ပေးပါ။
2.ကျစ်ဆံမြီးကျစ်ကာ ပတ်ပါမည်။
သုံးချောင်းခွဲ ပြီးတာနဲ့  ကျစ်ဆံမြီးကျစ်ပေးရပါမယ်။
ကျစ်ဆံမြီးကိုအဆုံးထိကျစ်ပေးးပါ။
ကျစ်ထားသောကျစ်ဆံမြီးကို ဆံထုံးကိုပတ်ပေးပါ။
အဆုံးထိခွေပြီး ကလစ်ဖြင့်ထိုးပေးရပါမယ်