စိတ်ဝင်စားနေတဲ့ ညီမလေးတို့ လိုက်လုပ်နိုင်အောင် K က လွယ်လွယ်ကူကူ လုပ်ပြပေးထားပါတယ်။
1.တစ်ဝက်စည်းကာ ကျစ်ပါမည်။
ဆံပင်တစ်ဝက်ကို ယူကာစည်းထားပါ။
စည်းထားသောဆံပင်ကို သုံးကြောင်းခွဲပါ။
ကျစ်ဆံမြှီးကို အဖျားထိကျစ်ပါ။
ကျစ်ထားသော ကျစ်ဆံမြှီးကို အပေါ်တွင်ဆံထုံး ထုံးလိုက်ပြီး အောက်ဆံပင်ကို နှစ်ဖက်ခွဲထားပါ။
တစ်ဖက်မှဆံပင်ကိုယူကာသုံးစခွဲပါ။
ကျစ်ဆံမြှီး ကျစ်ပါ။
တစ်ဖက်မှချထားသော ဆံပင်ကိုယူ၍ ဆံထုံးကိုပတ်ကာ ကလစ်ဖြင့်ထိန်း ထားပါ။
2.ဆံထုံးကို ကျစ်ဆံမြှီးနဲ့ ပတ်ကာထုံးမည်။
ဆံထုံးကို အနောက်ထိ ဆံပင်နှင့်ပတ်ပြီး ကလစ်ဖြင့်ထိုးထားပါ။
တစ်ဘက်မှ ကျစ်ဆံမြှီးကိုလည်းအပေါ်မှ ဆံထုံးကိုပတ်ပြီး ကလစ်ဖြင့် ထိုးထားပါ။
ပန်းဖြင့်အလှဆင်ပါ။