ပြုလုပ်ပုံအဆင့်ဆင့်ကို လွယ်ကူစွာဖော်ပြပေးထားလို့ဝင်ကြည့်နော်။
1.လေးကြောင်းကျစ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုအနောက်ကိုယူပါ။
ယူထားသောဆံပင်ကိုလေးကြောင်းခွဲပေးပါ။
သုံးကြောင်းကိုပူး၍ကျစ်ပါ။
ဘေးမှဆံပင်ကိုအောက်ဘက်မှယူကာသုံးကြောင်းအတွင်းသို့ထည့်ပါ။
သုံးကြောင်းကိုပူး၍ပြန်ကျစ်ပါ။
ဘေးမှဆံပင်ကိုအောက်ဘက်မှယူကာသုံးကြောင်းအတွင်းသို့ထည့်ပါ။
အပေါ်တွင်ပြထားသလိုဆက်ကျစ်ပေးပါ။
အောက်အထိဆက်ကျစ်ပေးပါ။
သားရေကွင်းဖြင့်စည်းပါ။
2.ဆံပင်ကိုလိမ်ပေးပါ။
ကျန်ဆံပင်အားလုံးကိုစု၍စည်းပါ။
ကွင်းတံကိုသုံးပါ။
စည်းထားသောဆံပင်အလယ်ထဲကိုကွင်းတံကိုစိုက်ပါ။
ကွင်းတံထဲသို့ ပိုနေသောဆံပင်ကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
လိမ်ထားသောဆံပင်ကိုဖွပေးပါ။
လိမ်ထားသောဆံပင်ထဲသို့ ကွင်းတံကိုထည့်ပါ။
အပေါ်မှကျစ်ဆံမြှီးကိုယူ၍ ကွင်းတံထဲသို့ထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
အလှဆင်ပေးပါ။