ကိုယ်တိုင်ကျစ်ချင်သူတွေအတွက် အထောက်အကူဖြစ်အောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.ကျစ်ဆံမြှီး အတွင်းထည့်ကျစ်ပါမယ်။
ရှေ့ဘက်မှ ဆံပင်တစ်ဝက်ကို ယူထားပါ။
သုံးစခွဲပါ။
ညာဘက်မှအစကို အလယ်စအောက်ထဲထည့်ပါ။
ဘယ်ဘက်မှ အစကို ညာဘက်အစအောက်သို့ ထပ်ထည့်ပါ။
ရှေ့ဘက်မှ အစကိုယူပါ။
အလယ်စနှင့်ပေါင်းလိုက်ပါ။
ဘယ်ဘက်အစအောက်ထဲ ထည့်ပါ။
2. ရှေ့ဆံပင်လေးတွေဆွဲပြီး ကျစ်သွားပါမယ်။
အစနှစ်ခုပေါင်းထားသော ဆံပင်အောက်သို့ ညာဘက်မှအစကို ထည့်ပါ။။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ရှေ့မှယူထားသောဆံပင်ကို အောက်ဘက်ထဲသို့ ထည့်လိုက်ပါ။
ညာဘက်မှ အစကို ဆွဲယူထားသောဆံပင်အောက်ထဲ ထည့်ပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ရှေ့မှယူထားသောဆံပင်ကို အောက်ဘက်ထဲသို့ ထည့်လိုက်ပါ။
ဘယ်ဘက်မှ အစကို ဆွဲယူထားသောဆံပင်အောက်ထဲသို့ ထည့်ပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ရှေ့မှယူထားသောဆံပင်ကို အောက်ဘက်ထဲသို့ ထည့်လိုက်ပါ။
ဆံပင်ကိုဖွထားပေးပါ။
အဆုံးထိ အဆင့်ဆင့်ကျစ်၍ သားရေကွင်းဖြင့်စည်းပါ။