နောက်တွဲ ကျစ်ဆံမြှီးဆံထုံးလေးကို ကြိုက်တဲ့ပျိုမေလေးများအတွက် ထုံးဖွဲ့ပုံလေးကို တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
ဘေးမှဆံပင်အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို နှစ်ချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို အဆုံးထိလိမ်ပါမယ်။
လိမ်ထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းလိမ်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
အောက်မှ ဆံပင်နှစ်ဖက်ကို ယှက်ပါမယ်။
ဘေးမှဆံပင်အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ပါမယ်။
ကျန်တစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ပါမယ်။
အဆုံးထိကျစ်ပါမယ်။
2.ကျစ်ဆံမြှီးကိုအခွေလုပ်ပါမယ်။
ကျစ်ထားသောဆံပင်ကို အခွေလေးဖြစ်အောင် လိပ်ပေးရပါမယ်။
လိပ်ထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
Fancy ဖြင့်အလှဆင်ပါမယ်။
3.ပြီးပြည့်စုံသွားပါပြီ။
ကျစ်ဆံမြှီးအခွေပုံစံလေး ပြုလုပ်ပြီးသွားပါပြီ။