ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်ကြည့်ချင်သူတွေအတွက် အဆင့်ဆင့်လေး ဖော်ပြပေးလိုက်ပါတယ်နော်။
1.ရှေ့ဆံပင်ကို ဖောင်းဖောင်းလေး အရင်လုပ်ပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲပါ။
နောက်ဘက်မှ ဆံပင်အနည်းငယ်ကို ယူ၍ဘီးဖြင့်ခြစ်ပါ။
ခြစ်ပြီးသား ဆံပင်ကို သပ်ရပ်အောင် ပြန်ဖြီးပါ။
ဖောင်းဖောင်းလေးလုပ်၍ သားရေကွင်းဖြင့် စည်းပါ။
2.ရှေ့ဆံပင်ဘေးခွဲပြီးသိမ်းပေးပါ။
ဆံပင်ကိုဘေးခွဲပါ။
ဘေးခွဲထားတဲ့ ဆံပင်ကို နှစ်စခွဲပါ။
နှစ်စကိုယူ၍ ယှက်လိုက်ပါ။
ယှက်ထားသောအစကို နောက်ဘက်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်ကိုလည်း ဆက်လုပ်ပါ။
3.နောက်တစ်ထပ် ထပ်စည်းပါ။
ကျန်နေသောဆံပင်မှ ဘေးနှစ်စကို ထပ်ယူပါ။
သားရေကွင်းဖြင့် စည်းပါ။
အတွင်းဘက်သို့ လက်လျှို၍ စည်းထားသော ဆံပင်ကို ယူပါ။
အောက်သို့ ဆွဲချ၍ ဖွပေးပါ။
4.ကျစ်ဆံမြှီးကျစ်၍ ဆံထုံးလုပ်ပါ။
စည်းထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်သွားပါ။
ခွေ၍ကလစ်ထိုးပါ။
ကျန်နေသောဆံပင်ကို နှစ်စခွဲပြီးတစ်စကို ကျစ်ဆံမြီးတွင် အရင်ပတ်ပါ။
ကလစ်ထိုးပါ။
နောက်တစ်စကို ဆန့်ကျင်ဘက်ယူ၍ ပတ်ပြီး ကလစ်ထိုးပါ။
အလှဆင်ပါ။