အလွယ်တကူ လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်လေး ဖော်ပြပေးလိုက်ပါတယ်နော်။
1.ရှေ့ဆံပင်ကို ဖဲကြိုးလေးဖြင့် အလှဆင်ပါမယ်။
ဖဲကြိုးလှလှလေး သုံးပါမယ်။
ဘေးဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ဖဲကြိုးဖြင့်ချည်ပါ။
နောက်ထပ်ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ဖဲကြိုးကို ယူထားသောဆံပင်အပေါ်မှ ယူပါ။
ကြိုးကို အောက်ဘက်မှ လျှို၍အပေါ်သို့ ပြန်တင်ပါ။
နောက်ထပ်ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ဖဲကြိုးကို ယူထားသောဆံပင်အပေါ်မှ ယူပါ။
ကြိုးကို အောက်ဘက်မှ လျှို၍အပေါ်သို့ ပြန်တင်ပါ။
အဆုံးထိလုပ်၍ သားရေကွင်းဖြင့် စည်းပါ။
2.အပေါ်ခြမ်းတစ်ဝက်ကို ရှေ့ဆံပင်လေးများတစ်ခုနှင့်တစ်ခု ယူ၍ ယှက်သွားပါ။
နောက်ဘက်မှ ဆံပင်နှစ်စကို ယူပါ။
ယှက်လိုက်ပါ။
နောက်ထပ်တစ်စကို ထပ်ယူပါ။
တစ်ဖက်ခြမ်းကို ပို့ပေးပါ။
တစ်ဖက်မှ တစ်စကို ထပ်ယူပါ။
တစ်ဖက်ခြမ်းကို ပို့ပေးပါ။
3.ငါးရိုးကျစ်ဆံမြှီးဆက်ကျစ်သွားပါ။
အပေါ်ဆံပင်တစ်ဝက်ထိ ကျစ်သွားပါ။
ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ညာဘက်ခြမ်းကို ပို့ပေးပါ။
ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ညာဘက်ခြမ်းကို ပို့ပေးပါ။
အဆုံးထိကျစ်သွားပါ။
အလှဆင်ပါ။