ပြုလုပ်ရတာလည်းမခက်ပဲ အချိန်တိုအတွင်းစည်းနိုင်အောင်လို့ ပြုလုပ်ပုံ အဆင့်ဆင့်ကိုဖော်ပြပေးထားတယ်နော်။
1.ဆံပင်ကိုစည်း၍ကျစ်ပါ။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
နောက်တစ်ဖက်မှလည်းအနည်းငယ်ကိုထပ်ယူပါ။
ကျန်ဆံပင်တစ်ဝက်ကိုစည်းပါ။
ဘေးတစ်ဖက်မှဆံပင်ကိုသုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ပေးပါ။
နောက်တစ်ဖက်ကိုလည်းကျစ်ဆံမြှီးကျစ်ပေးပါ။
ကွင်းတံကိုသုံးပါ။
စည်းထားသောဘေးတွင်ကွင်းတံကိုစိုက်ပါ။
ဆန့်ကျင်ဘက်မှကျစ်ဆံမြှီးကိုယူ၍ကွင်းထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
နောက်တစ်ဖက်ကိုလည်းအပေါ်တွင်ပြထားသလိုလုပ်ပါ။
အစနှစ်ခုကိုပူး၍သားရေကွင်းဖြင့်စည်းပါ။
2.အလှဆင်ပေးပါ။
ကလစ်ဖြင့်အလှဆင်ပေးပါ။