ဆံထုံးထုံးတဲ့အခါမှာလည်း ပိုမိုလွယ်ကူစေဖို့အတွက် ဆံထုံးထုံးနည်းအဆင့်ဆင့်ကို ဖော်ပြပေးမယ်နော်။
1.ဆံပင်ကိုအဆင့်ဆင့်စည်းပါ။
ဘေးနှစ်ဖက်မှဆံပင်အနည်းငယ်ကိုအနောက်ကိုယူပါ။
သားရေကွင်းဖြင့်စည်းပေးပါ။
ကွင်းတံကိုသုံးပေးပါ။
စည်းထားသောတစ်ဖက်အလယ်တွင်ကွင်းတံကိုစိုက်ပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကိုကွင်းတံထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
နောက်တစ်ဖက်ကိုလည်းအပေါ်တွင်ပြထားသလိုလုပ်ပေးပါ။
အစနှစ်ခုကိုပူး၍သားရေကွင်းဖြင့်စည်းပါ။
ဘေးမှဆံပင်နှစ်ဖက်ကိုထပ်ယူပါ။
ပူး၍စည်းပါ။
အပေါ်တွင်ပြထားသလိုထပ်စည်းပေးပါ။
2.နှစ်ကြောင်းထိုးကျစ်၍ထုံးပါ။
ကျန်သောဆံပင်ကိုနှစ်ချောင်းခွဲပါ။
တစ်ဖက်ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ဆန့်ကျင်ဘက်ကိုပို့၍ပူးပါ။
ပူးထားသောဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ဆန့်ကျင်ဘက်ကိုပို့၍ပူးပါ။
အပေါ်တွင်ပြထားသလိုဆက်ကျစ်ပေးပါ။
သားရေကွင်းဖြင့်စည်းပါ။
ကျစ်ဆံမြှီးကိုအတွင်းကိုလိပ်ထည့်ပါ။
ဆံပင်အဆုံးထိလိပ်ပေးပါ။
ကလစ်ဖြင့်ထိုးပါ။
အလှလေးဆင်ပေးပါ။