ဆံပင်လုပ်နည်းလေးတွေဝါသနာပါတဲ့ ညီမလေးတို့ အတွက် K က အလွယ်ကူဆုံး လုပ်ပြထားပါတယ်နော်။
1.အပေါ်တစ်ထပ်ချည်ပါ့မယ်။
ဆံပင်ဘေးနှစ်စကိုယူပါ။
ယူထားသောဆံပင် နှစ်စကိုချည်ပါ။
ချည်ထားသော ဆံပင်ကိုစုကိုင်ပြီး ရှေ့ဆံပင်ကိုထပ်ယူပါ။
တစ်ဖက်မှလည်း ဆံပင်ကိုထပ်ယူပါ။
ဆံပင်နှစ်စကို ချည်ပြီး သားရေကွင်းစည်းပါ။
ဆံပင်အောက်ဖျားကို ကောက်စက်နှင့်ကောက်ပါ။
အောက်တွင်ကျန်နေသော ဆံပင်ကို အကုန်ကောက်ပေးပါ။
ကလစ်ဖြင့်အလှဆင်ပါ။