ဆံပင်ပုံစံ ရှင်းရှင်းလေးနဲ့လှပစွာထုံးဖွဲ့နိုင်တဲ့ ဆံထုံးပုံစံလေးကို တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ဆံပင်အားလုံးကို စုစည်းလိုက်ပါမယ်။
ကွင်းတံကို သုံးပါမယ်။
စည်းထားသောဆံပင်အောက်မှ ဆံပင်အနည်းငယ်ကိုယူပြီး ကွင်းတံထဲသို့ထည့်ပါမယ်။
ထည့်ထားသောဆံပင်ကို အပေါ်သို့ဆွဲလိုက်ပါမယ်။
ဆွဲထားသောဆံပင်ကို နှစ်ဖက်ခွဲပါမယ်။
အောက်မှစည်းထားသောဆံပင်ကိုလည်း နှစ်ဖက်ခွဲပါမယ်။
ခွဲထားသောအပေါ်ဆံပင်ကို နှစ်ဖက်ထပ်ခွဲပါမယ်။
အောက်မှခွဲထားသောဆံပင်ကို အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ပါမယ်။
အဆုံးထိကျစ်ပြီးသားရေကွင်းစည်းပါမယ်။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းကျစ်ပြီး သားရေကွင်းစည်းပါမယ်။
ကျစ်ထားသောဆံပင်တစ်ဖက်ကို အဆုံးထိခွေပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလည်းရှေ့နည်းအတိုင်းထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။