ဆံပင်လုပ်နည်းလေးတွေဝါသနာပါတဲ့ ညီမလေးတို့အတွက် K က အဆင့်ဆင့်လေး ပြပေးထားလို့ လိုက်လုပ်ကြည့်ပေးပါနော်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
အလယ်ခွဲပါ့မယ်။
ဘယ်ဘက်မှ ဆံပင်အနည်းငယ်ယူပါ။
ဆံပင်ကိုသုံးစခွဲပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ရှေ့ ဘက်မှ ဆံပင်ကိုဆွဲယူပါ။
ရှေ့ ဆံပင်ကိုယူပြီးကျစ်ဆံမြှီးအောက်ထဲသို့ ထည့်ပြီးကျစ်ပါ။
အောက်ဖျားထိကျစ်ပီးသားရေကွင်းနဲ့ စည်းပါ။
နောက်ဘက်မှ ကျန်ဆံပင်ကိုနှစ်စခွဲပါ။
ထိုဆံစနှစ်စကို ကျစ်ထားသောကျစ်ဆံမြှီးနှင့် ရောပြီးကျစ်ဆံမြှီး ထည့်ကျစ် ပါ။
အောက်ဖျားထိကျစ်ပီး သားရေကွင်းနှင့်စည်းပါ။
နောက်တစ်ဖက်ကိုလည်း ဆက်ကျစ်ပြီးအလှဆင်ပါ။