သင်ယူလေ့လာနေသူတွေအတွက် အဆင့်ဆင့်လေး ပြပေးထားလို့ လိုက်လုပ်ကြည့်ပေးနော်။
1.ဘယ်ဘက်ခြမ်းကို ကျစ်ဆံမြှီးကျစ်ပေးပါ။
ရှေ့ဆံပင်ကို ဘေးခွဲပါ။
ဘယ်ဘက်ခြမ်းမှ ဆံပင်ကို သုံးစခွဲပါ။
ကျစ်ဆံမြှီးကို အဆုံးထိ ကျစ်သွားပါ။
ဖွပေးပါ။
2.ဆံပင်ကို တစ်ဝက်အလှစည်းပါ။
ညာဘက်ခြမ်းမှ ဆံပင်ကို မုန့်ကြိုးလိမ်လုပ်သွားပါ။
လိမ်ထားသောဆံပင်ကို အလယ်တစ်ဝက်တွင် ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှ ကျစ်ဆံမြှီးကိုလဲယူ၍ လိမ်ထားသောဆံပင်အောက်တွင် ကပ်၍ ကလစ်ဖြင့်ထိုးပါ။
3.ကျစ်ဆံမြှီးကိုခွေ၍ ဆံထုံးလုပ်ပါမယ်။
ကျန်သောဆံပင်ကို ကျစ်ဆံမြှီးကျစ်ရန် သုံးစခွဲပါ။
ကျစ်ဆံမြှီးကို အဆုံးထိကျစ်သွားပါ။
ဖွပေးပါ။
အတွင်းဘက်ကို လိပ်သွားပေးပါ။
ဆံပင်အရင်းတွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။