နွေရာသီနဲ့လိုက်ဖက်မယ့်ဆံပင်စည်းနည်းကို ပျိုမေလေးတွေအတွက်မိတ်ဆက်ပေးမယ်နော်။
1.ဆံပင်ကိုကျစ်ပါ။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကိုသုံးချောင်းခွဲပေးပါ။
သုံးချောင်းကိုပူးကျစ်ပါ။
အပေါ်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကိုကျစ်ဆံမြှီးအလယ်ထဲကိုထည့်ကျစ်ပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
အပေါ်တွင်ပြထားသလိုဘေးမှဆံပင်အနည်းငယ်ကိုယူကာဆက်ကျစ်ပါ။
ကျန်သောဆံပင်ကိုကျစ်ဆံမြှီးဆက်ကျစ်၍သားရေကွင်းစည်းပါ။
2.ဆက်ကျစ်ပါမယ်။
နောက်တစ်ဖက်ကိုလည်းအပေါ်တွင်ပြထားတဲ့အတိုင်းကျစ်ပေးပါ။
ကျစ်ဆံမြှီးနှစ်ချောင်းကိုအနောက်တွင်သားရေကွင်းဖြင့်စည်းပါ။
ခေါင်းပတ်ကြိုးဖြင့်အလှဆင်ပါ။