သေသပ်လှပပြီး ကျက်သရေရှိစေမည့်ဆံထုံးပုံစံသစ်လေးကို တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ဆံပင်နှစ်ဖက်ကိုခွဲပါမယ်။
ခွဲထားသောဆံပင်တစ်ဖက်ကို သုံးချောင်းခွဲပါမယ်။
အဆုံးထိကျစ်ဆံမြှီးကျစ်ပြီး သားရေကွင်းဖြင့်စည်းပါမယ်။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းလုပ်ဆောင်ပါမယ်။
ကျစ်ထားသောကျစ်ဆံမြှီးတစ်ဖက်ကို ခေါက်ပါမယ်။
အဆုံးထိခေါက်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းခေါက်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။