ကိုယ်တိုင်အလွယ်တကူ လုပ်လို့ရအောင် အဆင့်ဆင့်လေး ဖော်ပြပေးလိုက်ပါတယ်နော်။
1.ဒိုးနပ်ကွင်းသုံး၍ ဆံထုံးလုပ်ပါမယ်။
နားနောက်မှ ဆံပင်ကို နှစ်ပိုင်းခွဲထားပါ။
နောက်ဘက်မှ ဆံပင်ကို စုစည်းပါ။
ဒိုးနပ်ကွင်းကို သုံးပေးပါ။
စည်းထားသောဆံပင်တွင် ဒိုးနပ်ကွင်းတပ်၍ ကလစ်ထိုးပါ။
2.ဒိုးနပ်ကွင်းလေး လုပ်ပါမယ်။
ဒိုးနပ်ကွင်းပေါ်တွင် ဆံပင်ကို ဖြန့်ချပါ။
သားရေကွင်းဖြင့် စည်းပါ။
သားရေကွင်းစည်းလိုက်၍ ဒိုးနပ်ကွင်းလေး ပေါ်လာပါပြီ။
ပိုနေသောဆံပင်ကို ဒိုးနပ်ကွင်းတွင် ပတ်ပေးပါ။
ကလစ်ဖြင့်ထိုးပါ။
3.ရှေ့ဆံပင်အဖောင်းလေးလုပ်ပေးပါ။
ရှေ့ဆံပင်ကို သုံးပိုင်းထပ်ခွဲပါ။
အလယ်ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
နောက်သို့ ဘီးဖြင့်သပ်ရပ်အောင် ဖြီးပါ။
ဒိုးနပ်ကွင်း ကပ်လျှက်တွင် ကလစ်ဖြင့်ထိုးပါ။
4.ဘေးနှစ်ဖက်ကို သိမ်းပေးပါ။
ဘေးဘက်မှ ကျန်သောဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
တစ်ဖက်ခြမ်းသို့ ပို့ပေးပါ။
ဒိုးနပ်ကွင်းတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်ကိုလည်း ပတ်ပြီးကလစ်ဖြင့်ထိုးပါ။
5.ဖဲပြားပုံစံလုပ်ပေးပါ။
ရှေ့မှပို့ထားသောဆံပင်ကို နှစ်စထပ်ခွဲပါ။.
တစ်စကို ခေါက်၍ကလစ်ထိုးပါ။
နောက်တစ်စကိုလည်း ခေါက်၍ကလစ်ထိုးပါ။
ပိုသောဆံပင်ကို ယူပါ။
ခွေ၍ကလစ်ထိုးပါ။