သင်ယူလေ့လာနေသူတွေအတွက် အဆင့်ဆင့်လေးထုံးပြထားလို့ အလွယ်တကူလိုက်လုပ် ကြည့်နိုင်ပါတယ်။
1.ရှေ့ဆံပင်အဖောင်းလုပ်ပေးပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲပါ။
ရှေ့ဘက်မှ ဆံပင်အကုန်လုံးကို ဘီးဖြင့်ခြစ်ပေးပါ။
ခြစ်ထားသောဆံပင်အားလုံးကို နောက်သို့လှန်ပြီး သပ်ရပ်အောင် ဖြီးပေးပါ။
အဖောင်းလုပ်ပြီး ကလစ်ဖြင့်ထိုးပါ။
2.ဆံခံပုံစံလုပ်ပေးပါ။
အောက်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။.
ယူထားသောဆံပင်ကို တစ်ဖက်ကို ပို့ပါ။
အလယ်နေရာလောက်တွင် ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို လိပ်ပေးပါ။
အလိပ်ကို ကလစ်ထိုးပါ။
3.France Roll ဆံထုံးလေးလုပ်ပြီး အလှဆင်ပါ။
ကျန်ဆံပင်ကို အနည်းငယ်ထပ်ယူပါ။
ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသော ဆံပင်တစ်ခြမ်းလုံးကို ဆံခံပေါ်အုပ်၍ ကလစ်ထိုးပါ။
4.ဆံထုံးကျော်၍ ပတ်ခွေပေးပါ။
ပိုနေသောဆံပင်မှ အနည်းငယ်ကို ဆံထုံးပေါ်မှကျော်၍ တစ်ခြားဘက်တွင် ခွေပေးပါ။
ကလစ်ဖြင့်ထိုးပါ။
နောက်တစ်စကိုလည်း ခွေ၍ကလစ်ထိုးပါ။
ထပ်ခွေ၍ ကလစ်ဖြင့်ထိုးပါ။
5.နောက်ဆုံးတစ်စကို ပတ်၍ခွေပါ။
နောက်ဆုံးတစ်စကို အောက်ဘက်မှပတ်ယူပါ။
ကလစ်ဖြင့်ထိုးပါ။
ထပ်ခွေ၍ ကလစ်ဖြင့်ထိုးပါ။
အလှဆင်ပါ။