Japanese Hair Style

0

ကိုယ်တိုင်လည်း လုပ်လို့ရသလို သူများကိုလည်း အလွယ်တကူနဲ့ မြန်ဆန်အောင် ထုံးလို့ရတဲ့ဆံထုံးလေးဖြစ်လို့
အဆင့်ဆင့်လေး ဖော်ပြပေးလိုက်ပါတယ်။

နားနောက်မှ နှစ်ပိုင်းခွဲပါ။

ဒိုးနပ်ကွင်းကို သုံးပါ။

ငယ်ထိပ်နေရာမှ ဆံပင်ကိုနည်းနည်းကိုယူပြီး ခွေ၍ကလစ်ဖြင့်ထိုးပါ။

အခွေပေါ်မှ ဒိုးနပ်ကွင်းစွပ်၍ ကလစ်ဖြင့်ထိုးပါ။

အောက်ဘက်မှ ဆံပင်ကို နှစ်ပိုင်းခွဲလိုက်ပါ။

တစ်ခြမ်းကိုယူ၍ ဆန့်ကျင်ဘက်သို့ ဆွဲယူပါ။

ဒိုးနပ်ကွင်းတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။

နောက်တစ်ခြမ်းကိုလည်း ဆန့်ကျင်ဘက်သို့ ဆွဲယူပါ။

ဒိုးနပ်ကွင်းတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။

ရှေ့မှကျန်နေသော ဘယ်ဘက်ခြမ်းမှ ဆံပင်ကို နောက်ဘက်သို့ဆွဲယူပါ။

ဒိုးနက်ကွင်းပေါ်သို့ အုပ်၍ကလစ်ဖြင့်ထိုးပါ။

ညာဘက်ခြမ်းမှ ဆံပင်ကိုလည်း နောက်ဘက်သို့ဆွဲယူပါ။

တစ်ခြားဘက်တွင် ခွေ၍ကလစ်ဖြင့်ထိုးပါ။

ဆံထိုးဖြင့်အလှဆင်ပါ။