သင်ယူလေ့လာနေသူတွေအတွက် လွယ်ကူသည့်ဆံထုံးလေးဖြစ်လို့ အဆင့်ဆင့်ဖော်ပြပေးထားပါတယ်နော်။
1.ဆံခံအသုံးပြုပါ။
နားနောက်မှ နှစ်ပိုင်းခွဲပါ။
ဇာတ်နေရာလောက်တွင် တန်းပြီးကလစ်ဖြင့်ထိုးပါ။
ဆံခံအပြားကြီးကို သုံးပါမယ်။
မြဲအောင် ကလစ်ဖြင့်ထိုးပါ။
2. ဘေးနှစ်ဖက်မှ ဆံပင်ကို ဆွဲယူပါ။
ရှေ့ဆံပင်ကို ဘေးခွဲထားပါ။
ဘယ်ဘက်ခြမ်းမှ ဆံပင်ကို နောက်သို့ဆွဲယူပါ။
ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
ညာဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
3. ရှေ့အမောက်လေး လုပ်ပါမယ်။
ရှေ့မှ ကျန်နေသောဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို အပေါ်တစ်ဝက်ထိ ဘီးဖြင့်ဆွဲထားပါ။
ဘဲညှပ်ဖြင့်ညှပ်ထားပါ။
ကျန်နေသောဆံပင်ကို ဘီးဖြင့်ခေါက်ထားပါ။
ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
4.ဆံထုံးလုပ်ပါမယ်။
အောက်ဘက်မှ ကျန်နေသော ဆံပင်မှအလယ်ခြမ်းကို ဘီးဖြင့်ခြစ်ပါ။
အပေါ်ဘက်သို့ ဆွဲယူပါ။
အစကို အတွင်းသို့ခေါက်၍ ကလစ်ဖြင့်ထိုးပါ။
5.ဆက်လက်လုပ်ဆောင်ပါ။
ဘေးဘက်မှ ဆံပင်ကို ထပ်ခြစ်ပါ။
အပေါ်သို့ ဆွဲယူပါ။
ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်ကိုလဲ အပေါ်သို့ဆွဲယူပြီးကလစ်ဖြင့်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။