ဆံပင်ရိုးရိုးရှင်းရှင်းလေးနဲ့အလွယ်တကူထုံးလို့ရတဲ့ဆံထုံးပုံစံလေးကို ပျိုမေများအတွက် တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
ဘေးမှဆံပင်နှစ်ဖက်ကိုချန်ပြီး အလယ်မှဆံပင်အားလုံးကိုယူပါမယ်။
ယူထားသောဆံပင်ကို သားရေကွင်းဖြင့်စည်းပါမယ်။
စည်းထားသောဆံပင်ကို နှစ်ဖက်ခွဲပါမယ်။
ခွဲထားသောဆံပင်မှ ဆံပင်အနည်းကိုယူပြီး ဘေးမှချန်ထားသောဆံပင်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ယှက်ပါမယ်။
ကျန်ဆံပင်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ပါမယ်။
ကျစ်ဆံမြှီးဆက်ကျစ်ပါမယ်။
အဆုံးထိကျစ်ပြီး သားရေကွင်းစည်းပါမယ်။
ကျန်တစ်ဖက်ကိုလည်းကျစ်ပြီး သားရေကွင်းဖြင့်စည်းပါမယ်။
2.ကျစ်ဆံမြှီးကိုအခွေလုပ်ပါမယ်။
ကျစ်ထားသောဆံပင်တစ်ဖက်ကို အခွေလေးဖြစ်အောင် လိပ်ပေးရပါမယ်။
လိပ်ထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
ကျန်တစ်ဖက်ကိုလည်း ခွေပါ။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
Fancy ဖြင့်အလှဆင်ပါမယ်။