ထုံးရတာမခက်ပဲလွယ်ကူတဲ့အတွက် ပွဲသွားပွဲလာများတွင်ထုံးဖွဲ့ကြည့်နော်။
1.ဆံပင်ကိုကျစ်ပါ။
အရှေ့မှဆံပင်ကိုမညီမညာနှစ်ခြမ်းခွဲပါ။
တစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ဆံပင်ကိုသုံးချောင်းခွဲပေးပါ။
ကျစ်ဆံမြှီးကျစ်ပါ။
တစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကိုကျစ်ဆံမြှီးထဲကိုထည့်ကျစ်ပါ။
ဆန့်ကျင်ဘက်မှဆံပင်အနည်းငယ်ကိုထပ်ယူပါ။
ယူလိုက်သောဆံပင်ကိုကျစ်ဆံမြှီးထဲကိုထည့်ကျစ်ပါ။
ဘေးဆံပင်ကိုယူကာအနည်းငယ်ဆက်ကျစ်၍ ကျန်သောဆံပင်ကိုကျစ်ဆံမြှီးကျစ်သွားပါ။
နောက်တစ်ဖက်မှဆံပင်ကိုလည်းအပေါ်တွင်ပြထားသလိုကျစ်ပါ။
2.ဆံပင်ကိုကျစ်၍ထုံးပါ။
ကျန်သောဆံပင်အားလုံးကို စုစည်း၍သားရေကွင်းဖြင့်စည်းပါ။
တစ်ဖက်ကိုကျစ်ဆံမြှီးကျစ်ပါ။
နောက်တစ်ဖက်ကိုလည်းကျစ်ဆံမြှီးကျစ်ပါ။
ကျစ်ထားသောတစ်ချောင်းကိုယူကာ ကျန်သောဆံပင်တစ်ချောင်းကိုပတ်လိုက်ပါ။
အဆုံးထိပတ်ကာကလစ်ဖြင့်ထိုးပါ။
ကျန်သောတစ်ချောင်းကိုလည်းပတ်လိုက်ပါ။
ကလစ်ဖြင့်ထိုးပေးပါ။