ကိုယ်တိုင်ဘဲလုပ်လုပ် သူများကိုဘဲလုပ်ပေးလုပ်ပေး အလွယ်တကူ လုပ်လို့ရအောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးအပေါ်ကျစ် အကပ်ကျစ်ပါမယ်။
နားနောက်မှ နှစ်ပိုင်းခွဲပါ။
ရှေ့ဆံပင်မှ အလယ်နေရာနည်းနည်းကို ယူပါ။
ကျစ်ဆံမြှီးကျစ်ရန် သုံးစခွဲထားပါ။
ကျစ်ဆံမြှီးအပေါ်ကျစ်စကျစ်ပါ။
ဘေးနားမှ ဆံပင်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်ထဲထည့်၍ ပေါင်းကျစ်ပါ။
နောက်တစ်ဖက်မှ ဘေးဆံပင်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်ထဲထည့်၍ ပေါင်းကျစ်ပါ။
2. ကျစ်ဆံမြှီး နှစ်ဖက်ခွဲကျစ်ပါ။
ဆံပင်တစ်ဝက်အထိ ကျစ်သွားပါ။
ကျစ်ဆံမြှီးမှ ပိုသောအစတစ်ဝက်ကို ဘဲညှပ်ဖြင့်ညှပ်ထားပါ။
အပေါ်အစနှင့် အောက်ဆံပင်တစ်ဝက်ကို ပေါင်း၍ကျစ်ဆံမြှီး စကျစ်ပါမယ်။
ကျစ်ဆံမြှီးအဆုံးထိကျစ်သွားပါ။
နောက်တစ်ဖက်ကိုလည်း ကျစ်ဆံမြှီးအဆုံးထိကျစ်သွားပါ။
ကလစ်ဖြင့်အလှဆင်ပါ။