အလွယ်တကူထုံးဖွဲ့လို့ရတဲ့ နောက်တွဲဆံထုံးပုံစံလေးကို ပျိုမေများအတွက်ထုံးတတ်စေရန် တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
အရှေ့ဆံပင်နှစ်ဖက်ကိုချန်ပြီး အနောက်ဆံပင်အားလုံးကို စည်းလိုက်ပါမယ်။
ဆံခံကိုသုံးပါမယ်။
စည်းထားသောဆံပင်အပေါ်သို့ဆံခံကိုတင်ပြီး ကလစ်ဖြင့်ထိုးပါ။
အောက်မှဆံပင်အားလုံးကို အပေါ်သို့တင်လိုက်ပါမယ်။
တင်ထားသောဆံပင်ကို အလယ်တွင်စုပြီးလိမ်ကာ ကလစ်ဖြင့်ထိုးပါမယ်။
ကလစ်ဖြင့်ထိုးပြီးကျန်နေသောဆံပင်ကို အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကိုဘေးတွင်ခွေပြီး ကလစ်ဖြင့်ထိုးပါမယ်။
ကျန်ဆံပင်များကိုလဲ ရှေ့နည်းအတိုင်းခွေပြီး ကလစ်ဖြင့်ထိုးပါမယ်။
2.ဆံထုံးထုံးပါမယ်။။
အရှေ့မှချန်ထားသော ဆံပင်ကို ယူပါ။
ယူထားသောဆံပင်ကို နှစ်စထပ်ခွဲပါ။
ခွဲထားသောဆံပင်ကို လိမ်ပါမယ်။
အရှေ့မှဆံပင်ကို အနည်းငယ် ထပ်ယူပါမယ်။
ယူထားသောဆံပင်ကို လိမ်ပါမယ်။
အဆုံးထိလိမ်သွားပါ။
လိမ်ထားသောဆံပင်ကိုဆံထုံးအပေါ်တွင်ကပ်ပြီး ကလစ်ဖြင့်ထိုးပါ။
ကျန်တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းလုပ်ပါမယ်။
အောက်မှကျန်နေသောဆံပင်ကို ယူပြီးလိမ်ပါမယ်။
ယူထားသောဆံပင်ကို ဆံထုံးအတွင်းသို့ထည့်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။