သင်ယူလေ့လာနေသူတွေအတွက် အဆင့်ဆင့်လေး ပြပေးထားလို့ လိုက်လုပ်ကြည့်ပေးနော်။
1.ဆံပင်ကို ဖောင်းဖောင်းလေး လုပ်ပေးပါ။
နားနောက်မှ ဆံပင်ကို နှစ်ပိုင်းခွဲပါ။
နောက်ဘက်မှ ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို နောက်သို့သပ်ရပ်အောင် ဘီးဖြင့်ဖြီးပါ။
ရှေ့ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါ။
ဖောင်းဖောင်းလေး လုပ်၍ကလစ်ဖြင့်ထိုးပါ။
2.ဘယ်ဘက်ခြမ်းကို ကျစ်ဆံမြှီးကျစ်ပါ။
ရှေ့ဘက်မှ ကျန်သောဆံပင်ကို ယူပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ဖွပေးပါ။
အဆုံးထိကျစ်သွားပါ။
အဖောင်းကပ်ရပ်တွင် ကလစ်ဖြင့်ထိုးပါ။
3.ရှေ့ဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါ။
ညာဘက်မှ ရှေ့ဆံပင်ကို ထပ်ယူပါ။
ကျစ်ဆံမြှီးပေါ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
ရှေ့ဘက်မှ ချန်ထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါ။
အဆုံးထိကျစ်သွားပါ။
နောက်ဘက်မှ ကျန်ဆံပင်ကို ယူ၍တစ်ဖက်တွင် ကလစ်ဖြင့်ထိုးပါ။
4.နောက်တွဲ အယှက်ဆံထုံးလေး စလုပ်ပါမယ်။
ကျစ်ဆံမြှီးကို ဖွဖွလေးဖြစ်အောင် ခွကလစ်ဖြင့်စိုက်၍ ထိန်းထားပါ။
ပိုသောအစကို ခွေ၍ကလစ်ဖြင့်ထိုးပါ။
ကျန်အစကို အနည်းငယ်ထပ်ယူ၍ တစ်ခြားဘက်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် ထပ်ယူ၍ တစ်ခြားဘက်တွင် ကလစ်ဖြင့်ထပ်ထိုးပါ။
ကျန်သောအစကို အောက်ဘက်မှ ယူ၍အပေါ်သို့ ပတ်တင်ပါ။
ခွေ၍ကလစ်ဖြင့်ထိုးပါ။
ကလစ်ကို ပြန်ဖြုတ်ပါ။
အလှဆင်ပါ။