ပွဲနေပွဲထိုင်ပြီး ထုံးရလွယ်ကူတဲ့ဆံထုံးပုံစံလေးကို ထုံးတတ်စေရန်အတွက် တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
ရှေ့ဆံပင်အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို သုံးချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ဖွပါမယ်။
ကျစ်ထားသောဆံပင်ကို သားရေကွင်းဖြင့်စည်းပါမယ်။
ကျန်တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းကျစ်ပြီးသားရေကွင်းဖြင့် စည်းပါမယ်။
ကျစ်ထားသောဆံပင်ကို တစ်ဖက်သို့ပို့ပြီး ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလဲရှေ့နည်းအတိုင်းပြုလုပ်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
2.ကျစ်ဆံမြှီးကိုအခွေလုပ်ပါမယ်။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ယှက်ပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါမယ်။
ယူထားသောဆံပင်ကိုကျစ်ပါမယ်။
ဘေးမှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ပါမယ်။
အဆုံးထိကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီး ကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။