လှပတင့်တယ်ပြီး ကျက်သရေရှိတဲ့ ဆံထုံးလေးထုံးဖွဲ့နည်းကို သီရိကပျိုမေများအတွက် တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
အရှေ့ဆံပင်နှစ်ဖက်ကိုချန်ပြီး အနောက်ဆံပင်အားလုံးကိုစုစည်း လိုက်ပါမယ်။
ဆံခံကိုသုံးပါမယ်။
စည်းထားသောဆံပင်ကို ဆံခံဖြင့်လိပ်ပါမယ်။
အဆုံးထိလိပ်ပြီးဆံခံကို ကလစ်ဖြင့်ထိုးပါမယ်။
အလယ်မှလိပ်ထားသောဆံပင်ကို ဘေးသို့ဖြန့်ပါမယ်။
ဖြန့်ထားသောဘေးဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
အရှေ့တစ်ဖက်မှ ချန်ထားသောဆံပင်ကို နှစ်ဖက်ခွဲပါမယ်။
ခွဲထားသောဆံပင်ကို ယှက်လိုက်ပါမယ်။
ယှက်ထားသောဆံပင်ကို လိမ်ပါမယ်။
အရှေ့မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါမယ်။
ယူထားသောဆံပင်ကို လိမ်ပါမယ်။
ဆံပင်တစ်ဝက်အထိလိမ်ပြီး တစ်ဖက်သို့ပို့ကာ ဆံထုံးအပေါ်တွင်ကပ်ပြီး ကလစ်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းလုပ်ပြီး ကလစ်ထိုးပါမယ်။
အောက်မှ အနည်းငယ်ချန်ထားသောဆံပင်ကို ယူပါမယ်။
ယူထားသောဆံပင်ကို ဆံထုံး တစ်ဖက်သို့ပတ်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
ကလစ်ဖြင့်ထိုးပြီးကျန်နေသောဆံပင်ကို ဆံထုံးအောက်မှပတ်ပြီး အဆုံးကို ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းလုပ်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။