သင်ယူလေ့လာနေသူတွေအတွက် အဆင့်ဆင့်လေး ပြပေးထားလို့ လိုက်လုပ်ကြည့်ပေးနော်။
1.တစ်ပတ်လျှိုဆံထုံးထုံးပါ။
နားနောက်မှ ဆံပင်ကို နှစ်ပိုင်းခွဲပါ။
နောက်ဘက်မှ ဆံပင်ကို စုစည်းပါ။
စည်းထားသောဆံပင်ကို လက်လျှိုယူပါ။
ပိုနေသောအစကို အတွင်းထဲထည့်ယူပါ။
အစကိုအပြင်သို့ ဆွဲထုတ်ပါ။
ကလစ်ဖြင့်ထိုးပါ။
ဖွပေးပါ။
2.ငါးရိုးကျစ်ဆံမြှီး ကျစ်ပါ။
ရှေ့ဆံပင်အနည်းငယ်ကို သုံးစခွဲထားပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ကျစ်ထားသောနေရာမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ဖက်သို့ပို့ပါ။
နောက်တစ်ဖက်မှ ဆံပင်အနည်းငယ်ကိုထပ်ယူပါ။
တစ်ဖက်သို့ပို့ပါ။
အပြင်ဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ဖက်သို့ပို့၍ နောက်တစ်ဖက်အတွင်းဘက်မှ ဆံပင်ကို ဆွဲယူပါ။
တစ်ဖက်သို့ပို့ပါ။
3.ကျစ်ဆံမြှီးဖြင့်ပတ်ပါ။
အဆုံးထိကျစ်၍ ဖွပေးပါ။
ဆံထုံးအပေါ်ဘက်မှ ယူ၍ကလစ်ဖြင့်ထိုးပါ။
ဆံထုံးတွင် ပတ်၍အစသိမ်းပြီး ကလစ်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။