ပြုလုပ်ရတာလည်းလွယ်ကူတဲ့အတွက် ဖော်ပြပေးထားတဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို
ကြည့်ပြီးလုပ်ကြည့်နော်။
1.ဆံပင်ကိုကျစ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူပါ။
သုံးချောင်းခွဲလိုက်ပါ။
သုံးချောင်းကိုပူးကျစ်ပါ။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကိုထပ်ယူပါ။
ကျစ်ဆံမြှီးထဲကိုထည့်ကျစ်ပါ။
ဆန့်ကျင်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ကျစ်ဆံမြှီးထဲကိုထည့်ကျစ်ပါ။
ဘေးဘက်မှဆံပင်တွေကိုချန်ကာအပေါ်တွင်ပြထားသလို အနောက်တစ်ဝက်လောက်ထိဆက်ကျစ်ပေးပါ။
2.ဆက်လက်လုပ်ဆောင်ပါ။
ကျစ်ထားသောဆံပင်ကိုသားရေကွင်းဖြင့်စည်းကာ အောက်တွင်ကျန်သောဆံပင်ကိုလည်းစုစည်းပါ။
ဘေးတစ်ဖက်မှချန်ထားသောဆံပင်ကိုယူလိုက်ပါ။
စည်းထားသောဆံပင်ကိုပတ်လိုက်ပါ။
အစကိုသိမ်းကာကလစ်ဖြင့်ထိုးပါ။
ဆန့်ကျင်ဘက်မှကျန်သောဆံပင်ကိုလည်းကျစ်ဆံမြှီးကျစ်ပါ။
အဖျားထိဆက်ကျစ်ပေးပါ။
စည်းထားသောဆံပင်ကိုပတ်လိုက်ပါ။
ကျန်သောအစကိုခွေ၍ကလစ်ဖြင့်ထိုးပါ။