Three Stand Hair Design

0

လုပ်ရတာလည်းမခက်လို့ အောက်မှာဖော်ပြပေးထားတဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို ကြည့်ပြီးလုပ်ကြည့်နော်။

ဘေးနှစ်ဖက်မှဆံပင်အနည်းငယ်စီကိုအနောက်ကိုယူစည်းပါ။

ဆံပင်ကိုစည်းပါ။

ကွင်းတံကိုသုံးပါ။

ကွင်းတံကိုစည်းထားသောဆံပင်အလယ်တွင် စိုက်ကာကွင်းထဲသို့ဆံပင်ကိုထည့်ပါ။

ကွင်းတံကိုဆွဲထုတ်ပါ။

ကွင်းတံကိုတစ်ဖက်တွင်စိုက်၍ ဆန့်ကျင်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။

ယူထားသောဆံပင်ကိုကွင်းတံထဲကိုထည့်ပါ။

ကွင်းတံကိုဆွဲထုတ်ပါ။

ဆန့်ကျင်ဘက်တွင်ကွင်းတံကိုပြန်စိုက်ကာ တစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။

ကွင်းတံကိုဆွဲထုတ်ပါ။

ကျန်သောဆံပင်အားလုံးကိုနှစ်ခြမ်းခွဲပါ။

တစ်ဖက်ကိုသုံးချောင်းခွဲပါ။

ကျစ်ဆံမြှီးကျစ်ပါ။

သားရေကွင်းဖြင့်စည်းပါ။

နောက်တစ်ဖက်မှဆံပင်ကိုလည်းကျစ်ဆံမြှီးကျစ်ပါ။

ပန်းလေးဖြင့်အလှဆင်ပါ။