ကျစ်ဆံမြှီးပုံစံနောက်တွဲဆံထုံးပုံစံလေးကို ပျိုမေများအတွက် တစ်ဆင့်ချင်းထုံးဖွဲ့တင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
အရှေ့ဆံပင်နှစ်ဖက်ကိုခွဲပြီး အနောက်ဆံပင်အားလုံးကို စည်းပါမယ်။
ဆံခံကိုသုံးပါမယ်။
စည်းထားသောဆံပင်အဖျားမှစပြီး ဆံခံကိုထည့်ပြီး လိပ်ပါမယ်။
အဆုံးထိလိပ်ပြီး ဘေးနှစ်ဖက်ကို ကွေးလိုက်ပါမယ်။
ကွေးထားသောဆံခံကို ကလစ်ဖြင့်ထိုးပါမယ်။
ဘေးနှစ်ဖက်ကိုဆံပင်ဖြန့်ပါမယ်။
ဖြန့်ထားသောဆံပင်နှစ်ဖက်ကို ကလစ်ဖြင့်ထိုးပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
ဘေးမှချန်ထားသောဆံပင်တစ်ဖက်ကို ယူပါမယ်။
ယူထားသောဆံပင်ကိုသုံးချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ဆံထုံးဘေးဘက်တွင်တင်ပြီး ကလစ်ဖြင့်ထိုးပါ။
အောက်မှ ကျန်နေသောဆံပင်အစကို ဆံထုံးအောက်သို့ပတ်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းပတ်ပြီးကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။