ကိုယ်တိုင်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်လေးပြပေးထားလို့ ချစ်တို့လဲ လိုက်လုပ်ကြည့်ပြီး ကြိုက်နှစ်သက်တယ်ဆို Like and Shareလေးလုပ်ပေးနော်။
1.ရှေ့ဆံပင်တစ်ဝက်ကို ဖောင်းဖောင်းလေး လုပ်ပေးပါ။
ရှေ့ဆံပင်အနည်းငယ်ကို ယူ၍စည်းထားပေးပါ။
အတွင်းဘက်မှ လက်လျှို၍ စည်းထားသောဆံပင်ကို ယူပါ။
အောက်သို့ဆွဲချ၍ ဖွပေးပါ။
ကျန်ဆံပင်အားလုံးကို စုစည်းပါ။
2.ကျစ်ဆံမြှီးကျစ်၍ Fancy ဆန်ဆန်လေး လုပ်ပါမယ်။
ကျစ်ဆံမြှီး ကျစ်ရန်သုံးစခွဲပါ။
ကျစ်ဆံမြှီး စကျစ်ပါမယ်။
အဆုံးထိကျစ်၍ သားရေကွင်းစည်းပါ။
3.ကျစ်ဆံမြှီးကို စည်းထားတဲ့ ဆံပင်ကြားထဲ ထည့်ပေးပါ။
ဘဲဥပုံကွင်းတံကို ဆံပင်ကြားထဲ စိုက်ထားပါ။
ဘဲဥပုံကွင်းတံထဲသို့ ကျစ်ဆံမြှီးကို ထည့်ပါ။
ဘဲဥပုံကွင်းတံဖြင့် ကျစ်ဆံမြှီးကို ဆွဲထုတ်လိုက်ပါ။
တစ်ဖက်ဆံပင်ကြားထဲမှ လက်လျှို၍ကျစ်ဆံမြှီးကို ယူပါ။
ပိုသောအစကိုယူပါ။
အတွင်းထဲထည့်၍ ကလစ်ဖြင့်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။