သင်ယူလေ့လာနေသူတွေအတွက် အဆင့်ဆင့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
1.ဆံခံကိုသုံးပေးပါ။
နားနောက်မှ နှစ်ပိုင်းခွဲပါ။
ပုံတွင်ပြထားသလိုမျိုး ကလစ်များဖြင့်ထိုးပါ။
ကလစ်ထိုးထားသောနေရာတွင် ဆံခံကိုအုပ်၍မြဲအောင် ကလစ်ထိုးပါ။
2. ရှေ့ဆံပင်ကိုယူ၍ နောက်ဘက်တွင် အထပ်ထပ်လုပ်သွားပေးပါ။
ရှေ့မှချန်ထားသောဆံပင်မှ အနည်းငယ်ကို ယူပါ။
ယူထားသောဆံပင်ကို ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် ရှေ့မှချန်ထားသောဆံပင်မှ အနည်းငယ်ကို ယူပါ။
ယူထားသောဆံပင်ကို ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
3.ရှေ့ဆံပင် ကုန်သည်အထိ ဆက်လက်လုပ်ဆောင်ပါ။
ရှေ့ဆုံးမှကျန်နေသောဆံပင် အနည်းငယ်ကို ယူပါ။
ယူထားသောဆံပင်ကို ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် ရှေ့မှကျန်နေသောဆံပင်ကို ယူပါ။
ယူထားသောဆံပင်ကို ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
4. အောက်ဘက်မှ ကျန်ဆံပင်ကိုလည်း ဆက်လုပ်ပါ။
အောက်ဘက်မှ ချန်ထားသော ဆံပင်အနည်းငယ်ကို ယူပါ။
ယူထားသောဆံပင်ကို ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ယူထားသောဆံပင်ကို ဆံခံပေါ်တွင် ကလစ်ဖြင့်ထိုးပါ။
ပိုနေသောအစကို ခွေ၍ကလစ်ဖြင့်ထိုးပါ။
5.အပြီးသက်အလှဆင်ပါ။
အောက်ဘက်မှ ကျန်နေသောအစကို နှစ်စထပ်ခွဲပါ။
တစ်စကိုယူ၍ အပေါ်ဘက်တွင် ပုံတွင်ပြထားသလို ခေါက်လိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
နောက်ထပ်ပိုနေသော အစကိုယူ၍ ပုံတွင်ပြထားသလို ခွေလိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။