Fancy နောက်တွဲအခွေဆံထုံး

0

ကိုယ်တိုင်လဲ လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်ဖော်ပြ ပေးလိုက်ပါတယ်နော်။

နားနောက်မှ နှစ်ပိုင်းခွဲပါ။

ညာဘက်ခြမ်း ကျစ်ဆံမြှီးဆွဲကျစ်ပါမယ်။

ညာဘက်ရှေ့ဆံပင်အနည်းငယ်ကို ယူပါ။

ကျစ်ဆံမြီးစကျစ်ပါ။

ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။

ကျစ်ထားသောဆံပင်ထဲထည့်၍ ဆက်ကျစ်ပါ။

ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။

ကျစ်ထားသောဆံပင်ထဲထည့်၍ ဆက်ကျစ်ပါ။

ဆံပင်တစ်ဝက်အထိ ကျစ်သွားပါ။

သားရေကွင်းဖြင့်စည်းပါ။

ဘယ်ဘက်မှ ဆံပင်ကိုလဲ တစ်ဝက်အထိ ဆက်ကျစ်ပါ။

ဘေးမှ ကျစ်ထားသော ဆံပင်နှစ်စကို ယူ၍စည်းပါ။

ဘဲဥပုံ ကွင်းတံကို သုံးပါမယ်။

ဘေးဆံပင်အနည်းငယ်ကို ယူ၍ကွင်းတံထဲသို့ထည့်ပါ။

အောက်ဘက်သို့ ဆွဲချလိုက်ပါ။

တစ်ဖက်ဆံပင်ကိုလဲ ဆက်လုပ်ပါ။

ဘေးဆံပင်အနည်းငယ်ကို ထပ်ယူပါ။

ယူထားသောဆံပင်ကို အပေါ်ဘက်သို့ ယူ၍ခွေပါ။

ကလစ်ဖြင့်ထိုးပါ။

နောက်တစ်စကိုလဲ ခွေ၍ဆန့်ကျင်ဘက်ခြမ်းတွင် ကလစ်ဖြင့်ထိုးပါ။

ကျန်နေသောဆံပင်ကို နှစ်စခွဲ၍ တစ်စကိုခွေပါ။

အောက်ဘက်ကပ်လျက်တွင် ကလစ်ဖြင့်ထိုးပါ။

နောက်တစ်စကို တစ်ခြားဘက်တွင် ခွေ၍ကလစ်ဖြင့်ထိုးပါ။

ပန်းဖြင့်အလှဆင်ပါ။