ကိုယ်တိုင်ဘဲလုပ်လုပ် သူများကိုဘဲလုပ်ပေးလုပ်ပေး အလွယ်တကူ လုပ်လို့ရအောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကို အရင်စည်းပြီးလိမ်လိုက်ပါ။
နောက်ဘက်မှ ဆံပင်ကို စုစည်းပါ။
အတွင်းဘက်မှ လက်လျှို၍ စည်းထားသောဆံပင်ကိုယူပါ။
အောက်ဘက်သို့ ဆွဲချလိုက်ပါ။
အပေါ်ပိုင်းလေးကို ဖွပေးပါ။
2. ပိုနေသောဆံပင် အစနှစ်ခုကို ခွေပါ။
အောက်ဘက်မှ ကျန်နေသောဆံပင်ကို နှစ်ပိုင်းခွဲပါ။
တစ်စကိုခွေ၍ ဆံပင်အရင်းတွင်းကပ်ပြီး ကလစ်ထိုးပါ။
နောက်တစ်စကိုလဲခွေ၍ ဆံပင်အရင်းတွင်းကပ်ပြီး ကလစ်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။