လှပပြီးအမြင်တစ်မျိုးပြောင်းလဲစေမည့် ဆံပင်ပုံစံလေးကို ပျိုမေများထုံးတတ်စေရန်ရည်ရွယ်ပြီး တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ရှေ့ဆံပင်နှစ်ဖက်ကိုခွဲပြီး နောက်ဆံပင်အားလုံးကို စည်းပါမယ်။
စည်းထားသောဆံပင်ကို ခွေပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
အရှေ့မှချန်ထားသော ဆံပင်အားလုံးကိုယူပါမယ်။
ယူထားသောဆံပင်ကို ခွေထားသောဆံပင်အနောက်သို့ပတ်ပါ။
ပတ်ထားသောဆံပင်ကို ခွေပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းပတ်ပြီးခွေကာ ကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။