ပြုလုပ်ပုံအဆင့်ဆင့်ကိုဖော်ပြပေးထားတဲ့အတွက် အောက်မှာဝင်ကြည့်ပြီးလုပ်ကြည့်နော်။
1.ဆံပင်ကိုချည်ကျစ်ပေးပါ။
ဘေးနှစ်ဖက်မှဆံပင်အနည်းငယ်စီကိုအနောက်ကိုယူပါ။
ယူလိုက်သောဆံပင်ကိုကြိုးချည်သလိုချည်ပေးပါ။
အစနှစ်ခုကိုကိုင်ကာ တင်းနေအောင်ဆွဲချည်လိုက်ပါ။
ကျန်နေသောအစကိုနှစ်ခုကိုပူး၍သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုစည်းထားသောဆံပင်အလယ်တွင်စိုက်ကာ ဘေးမှဆံပင်အနည်းငယ်ကိုယူကာ ကွင်းထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ကာ ဘေးမှဆံပင်အနည်းငယ်ကိုထပ်ယူပါ။
ယူထားသောဆံပင်နှစ်ချောင်းကို ပူးကာသားရေကွင်းဖြင့်စည်းပါ။
2.ဆံပင်ကိုကျစ်၍စည်းပေးပါ။
နောက်တစ်ဖက်ကိုလည်းအပေါ်တွင်ပြထားသလိုစည်းပေးပါ။
ဘေးဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကိုကျစ်ဆံမြှီးကျစ်ပေးပါ။
နောက်တစ်ဖက်မှလည်းဆံပင်ကိုလည်းကျစ်ဆံမြှီးကျစ်ပေးပါ။
ကွင်းတံကိုစည်းထားသောအလယ်တွင်စိုက်ကာ ကွင်းထဲသို့ကျစ်ဆံမြှီးကိုထည့်ပါ။
ကျစ်ဆံမြှီးကိုဆွဲထုတ်လိုက်ပါ။
နောက်တစ်ဖက်မှကျစ်ဆံမြှီးကိုလည်း အပေါ်တွင်ပြထားသလိုလုပ်ပါ။
3.ဆံပင်ကိုထပ်စည်းပေးပါ။
ဘေးနှစ်ဖက်မှဆံပင်အနည်းငယ်ကိုထပ်ယူပါ။
ယူထားသောဆံပင်နှစ်ချာင်းကိုပူး၍စည်းပါ။
ပန်းလေးဖြင့်အလှဆင်ပေးပါ။