လှလှပပလေးနဲ့ထုံလို့လွယ်ကူမည့် ဆံပင်ပုံစံလေးကို ပျိုမေများထုံးတတ်စေရန်အတွက် တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ရှေ့ဆံပင်နှစ်ဖက်ကိုချန်ပြီး နောက်ဆံပင်အားလုံးကိုစုစည်းလိုက်ပါမယ်။
ဆံပင်အတွင်းဖောင်း ဆံကျွတ်ကိုသုံးပါမယ်။
အတွင်းဖောင်းဆံကျွတ်ကို စည်းထားသောဆံပင်အပေါ်သို့ တင်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
အောက်မှဆံပင်အားလုံးကိုအပေါ်သို့ လှန်တင်လိုက်ပါမယ်။
လှန်တင်ထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ဆံထုံးပေါ်မှဆံပင်တစ်စကိုယူပြီး ကလစ်ဖြင့်အသာယာ ထိုးပါမယ်။
ရှေ့နည်းအတိုင်းဆံထုံးဘေးပတ်လည်ကို ကလစ်ဖြင့်ထိုးပါမယ်။
ကလစ်ဖြင့်ထိုးထားသောဆံပင်ကိုပုံကျအောင် Spray ဖြင့်ဖြန်းပါမယ်။
ပုံကျသွားသောဆံပင်အနေအထားသို့ ရောက်ပြီဆိုလျှင် စိုက်ထားသောကလစ်များကို အသာအယာဆွဲထုတ်ပါ။
အပေါ်မှကျန်သောဆံပင်ကို နှစ်ဖက်ခွဲပါမယ်။
ခွဲထားသောဆံပင်တစ်စကို အောက်သို့ထည့်ပြီးကလစ်ဖြင့်ထိုးပါမယ်။
2.ကျစ်ဆံမြှီးကိုအခွေလုပ်ပါမယ်။
အရှေ့မှချန်ထားသောဆံပင်မှ ဆံပင်နှစ်ချောင်းကိုယူပါမယ်။
ယူထားသောဆံပင်ကိုလိမ်ပါမယ်။
အရှေ့မှဆံပင်တစ်စကို ထပ်ယူပါမယ်။
ယူထားသောဆံပင်ကို လိမ်ပါမယ်။
အဆုံးထိလိမ်ပေးပါမယ်။
လိမ်ထားသောဆံပင်ကိုခွေပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
ကျန်တစ်ဖက်ကိုလဲရှေ့နည်းအတိုင်းလုပ်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။