ဆွမ်းကျွေးပွဲ နှင့် ဘွဲ့ယူမယ့်ညမလေးတွေနဲ့ လိုက်ဖက်ပြီး ကျက်သရေရှိစေတဲ့ ဆံထုံးလေးဖြစ်လို့ အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. သုံးပိုင်းခွဲ၍ အလယ်ဆံပင်ကို ဖောင်းဖောင်းလေး လုပ်ပေးပါ။
ဆံပင်ကို သုံးပိုင်းခွဲထားပါ။
အလယ်ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို နောက်သို့ယူ၍ သပ်ရပ်အောင်ဖြှီးပါ။
အလယ်ဆံပင်ကို စုစည်းပါ။
2. ဒိုးနပ်ကွင်းဖြင့် နောက်တွဲဆံထုံးလေး လုပ်ပေးပါ။
ဒိုးနပ်ကွင်းသုံးပါ။
ဒိုးနပ်ကွင်းထဲသို့ စည်းထားသော ဆံပင်ကို ထည့်ပါ။
ဆံပင်ကို အပေါ်သို့လိပ်တင်၍ ဆံပင်အရင်းကပ်၍ ကလစ်ဖြင့်ထိုးပါ။
ဒိုးနပ်ကွင်းကို ဖုံးအောင် ဆံပင်ကို ဆွဲအုပ်ပေးပါ။.
3. ရှေ့ဆံပင်ကို နဲနဲစီယူ၍ မုန့်ကြိုးလိမ် ဆွဲကျစ်သွားပါ။
ညာဘက်ချန်ထားသောဆံပင်မှ နားနောက်ကဆံပင်ကို ယူ၍ဆံထုံးကိုပတ်ပါ။
ဆံထုံးတစ်ဖက်တွင် ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်ချန်ထားသောဆံပင်မှ နားနောက်ကဆံပင်ကို ယူ၍ဆံထုံးကိုပတ်ပါ။
4.ရှေ့ဆံပင်ကိုအနည်းငယ်စီယူ၍ နောက်ဘက်တွင် ကြက်ခြေခတ်ပုံစံ ယူသွားပါ။
ရှေ့အလယ်ခွဲထားသောဆံပင်မှ အနည်းငယ်ကိုယူပါ။
တစ်ဖက်သို့ပို၍ ဘဲညှပ်ဖြင့်ထိန်းထားပါ။
ဘယ်ခြမ်းမှ ဆံပင်အနည်းငယ်ကို ယူ၍တစ်ဖက်သို့ပို့ပါ။
နောက်ဘက်တွင် ဘဲညှပ်ဖြင့်ထိန်းထားပါ။
5.ရှေ့ဆံပင်လေးကုန်သည်အထိ ကြက်ခြေခတ်ပုံစံ အလှလုပ်ပါ။
နောက်ထပ်ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ခြားဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
နောက်ဘက်တွင် ယှက်၍ဘဲညှပ်ဖြင့်ထိန်းထားပါ။
ရှေ့ဆံပင်ကုန်သည်အထိ ဟိုဘက် ဒီဘက်အယှက်လုပ်သွားပါ။
6.ဆံထုံးကို အပြီးသက်အလှဆင်ပါမယ်။
ညာခြမ်းတွင် ရှိသောဆံပင်အားလုံးကို စု၍ဆံထုံးနားတွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ဆံထုံးတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။
ဘယ်ခြမ်းတွင် ရှိသောဆံပင်အားလုံးကို စု၍ဆံထုံးနားတွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ဆံထုံးတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။
7.ပြီးပြည့်စုံသွားပါပြီ။
ဗွီဒီယိုကိုကြည့်ပါ