အောက်မှာဖော်ပြပေးထားလို့ ပြုလုပ်ပုံအဆင့်ဆင့်ကိုကြည့်ပြီးလုပ်ကြည့်နော်။
1.ဆံပင်ကိုကျစ်၍ထုံးပါ။
အပေါ်ဆံပင်တစ်ဝက်ကိုယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။
ကျစ်ဆံမြှီးကျစ်ပါ။
အောက်အထိဆက်ကျစ်ကာသားရေကွင်းဖြင့်စည်းပေးပါ။
ကျစ်ဆံမြှီးကိုအောက်ဖျားမှစ၍ခွေပေးပါ။
အပေါ်ထိဆက်ခွေကာ စည်းထားသောဆံပင်အတွင်းထဲကိုထည့်လိုက်ပါ။
ကလစ်ဖြင့်သေချာထိုးပေးပါ။
2.ကျစ်ဆံမြှီးကျစ်၍ပတ်ပါ။
အောက်မှကျန်သောဆံပင်အားလုံးကိုသုံးချောင်းခွဲပေးပါ။
သုံးချောင်းကိုပူးကာကျစ်ဆံမြှီးကျစ်ပါ။
ကျစ်ဆံမြှီးကိုအဆုံးထိကျစ်ပေးသွားပါ။
ကျစ်ဆံမြှီးကိုယူကာအပေါ်ထုံးထားသော ဆံထုံးပေါ်ကိုပတ်တင်ပေးပါ။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
3.အလှဆင်ပေးပါ။
ပန်းပွင့်ဖြင့်အလှဆင်ပေးပါ။