မြန်မာထိုင်မသိမ်းလေးနဲ့ ကျက်သရေရှိရှိ လိုက်ဖက်သလို Evening Dressလေးနဲ့လဲ လိုက်ဖက်တဲ့ဆံထုံးလေးဖြစ်လို့ လိုက်လုပ်ကြည့်ပေးနော်။
1. သုံးပိုင်းခွဲ၍ အလယ်ဆံပင်ကို ဖောင်းဖောင်းလေး လုပ်ပေးပါ။
ဆံပင်ကို သုံးပိုင်းခွဲထားပါ။
အလယ်ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို နောက်သို့ယူ၍ သပ်ရပ်အောင်ဖြှီးပါ။
အလယ်ဆံပင်ကို စုစည်းပါ။
2. ဒိုးနပ်ကွင်းဖြင့် နောက်တွဲဆံထုံးလေး လုပ်ပေးပါ။
ဒိုးနပ်ကွင်းသုံးပါ။
ဒိုးနပ်ကွင်းထဲသို့ စည်းထားသော ဆံပင်ကို ထည့်ပါ။
ဆံပင်ကို အပေါ်သို့လိပ်တင်၍ ဆံပင်အရင်းကပ်၍ ကလစ်ဖြင့်ထိုးပါ။
ဒိုးနပ်ကွင်းကို ဖုံးအောင် ဆံပင်ကို ဆွဲအုပ်ပေးပါ။.
3. ရှေ့ဆံပင်ကို နည်းနည်းစီယူ၍ မုန့်ကြိုးလိမ် ဆွဲကျစ်သွားပါ။
ချန်ထားသော ညာခြမ်းရှေ့ဆံပင်အနည်းငယ်ကို ယူပါ။
နှစ်စခွဲ၍ ယှက်လိုက်ပါ။
ရှေ့မှ ကျန်ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
လိမ်ထားသော ဆံပင်နှင့်ပေါင်း၍လိမ်ပါ။
နောက်ထပ်ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
လိမ်ထားသော ဆံပင်နှင့်ပေါင်း၍လိမ်ပါ။
နားရွက်နားထိဆံပင်ကို ဆွဲယူ၍ အဆုံးထိ မုန့်ကြိုးလိမ်လိမ်သွားပါ။
4.မုန်ကြိုးလိမ်ဆံပင်လေးဖြင့်ဆံထုံးပေါ်မှ ဖြတ်၍ပတ်ပေးပါ။
ဆံထုံးဧ။်တစ်ခြားဘက်သို့ ယူပါ။
ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်ကိုလဲ နားရွက်နားထိ မုန့်ကြိုးလိမ်ကျစ်သွားပေးပါ။
ဆံထုံးပေါ်မှ ဖြတ်ယူ၍ ပုံတွင်ပြထားသောနေရာတွင် ကလစ်ဖြင့်ထိုးပါ။
အဆုံးကို ခွေ၍ဆံထုံးအရင်းတွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
5.ပိုနေသောဆံပင်လေးများဖြင့် အယှက်ပုံစံလေး လုပ်ပါမယ်။
ညာဘက်နားရွက်နောက်မှ ကျန်ဆံပင်ကိုယူ၍ တစ်ခြားဘက်သို့ပို့ပါ။
ပုံတွင်ပြထားသောနေရာတွင် ကလစ်ဖြင့်ထိုးပါ။
ပိုသောအစကိုခွေပါ။
ကလစ်ဖြင့်ထိုးပါ။
6.ဆံထုံးကို အပြီးသက်အလှဆင်ပါမယ်။
ဘယ်ဘက်နားရွက်နောက်မှ ကျန်ဆံပင်ကိုယူ၍ တစ်ခြားဘက်သို့ပို့ပါ။
ဆံပင်ကို အောက်ဘက်မှယူ၍ အပေါ်ဘက်တွင် ကလစ်ဖြင့်ထိုးပါ။
ပိုသောအစကိုခွေ၍ ကလစ်ဖြင့်ထိုးပါ။
ဆံထိုးလေးများဖြင့်အလှဆင်ပါ။