ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း လွယ်ကူစွာဖော်ပြပေးထားမှာဖြစ်လို့ အောက်မှာဝင်ကြည့်ပြီးလုပ်ကြည့်ကြနော်။
1.ဆံပင်ကိုကျစ်ပါ။
အရှေ့မှဆံပင်အနည်းကိုယူပါ။
ယူထားသောဆံပင်ကိုသုံးချောင်းခွဲလိုက်ပါ။
သုံးချောင်းကိုပူး၍ကျစ်ပါ။
ကျစ်ထားသောဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်နှင့် ကျစ်ထားသောဆံပင်တစ်ချောင်းကိုပူးလိုက်ပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
အပေါ်တွင်ပြထားသလိုဘေးမှဆံပင်ကိုဆွဲယူကာ အနည်းငယ်ဆက်ကျစ်ပေးပါ။
ဆန့်ကျင်ဘက်ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကို တစ်ဖက်တွင်ကျစ်ထားသော ဆံပင်တစ်ချောင်းနှင့်ပူးလိုက်ပါ။
သုံးချောင်းကိုပြန်၍ကျစ်လိုက်ပါ။
ဘေးမှဆံပင်အနည်းငယ်စီကိုယူကာ အပေါ်တွင်ကျစ်သလိုဆက်ကျစ်ပေးပါ။
အနည်းငယ်ယူကျစ်ပြီးသောအခါ အောက်ကိုကျစ်ဆံမြှီးဆက်ကျစ်ပါ။
2.ဆံပင်ကိုအလှဆင်ပေးပါ။
ကျန်သောဆံပင်အားလုံးကိုသားရေကွင်းဖြင့်စည်းပါ။
ကျစ်ဆံမြှီးကိုစည်းထားသောဆံပင်ကိုပတ်လိုက်ပါ။
အဆုံးထိပတ်ကာသားရေကွင်းဖြင့်စည်းပါ။
ပန်းပွင့်လေးဖြင့်အလှဆင်ပေးပါ။