ပြုလုပ်တဲ့အခါမှာလည်းလွယ်ကူစေရန် ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားလို့ဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုကျစ်ပေးပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုအနောက်ကိုယူပါ။
ယူထားသောဆံပင်ကိုသုံးချောင်းခွဲပေးပါ။
သုံးချောင်းကိုပူးကျစ်ပေးပါ။
ကျစ်ထားသောအစွန်တစ်ဖက်မှ ဆံပင်အနည်းငယ်ကိုချန်ပေးပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
တခြားတစ်ဖက်မှဆံပင်အနည်းငယ်ကိုချန်ခဲ့ပါ။
အပေါ်တွင်ပြထားသလိုအောက်အထိဆက်ကျစ်သွားပါ။
2.ဘေးကိုအလှကျစ်ပါ။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကိုနှစ်ချောင်းခွဲပါ။
နှစ်ချောင်းခွဲထားသောဆံပင်ကိုကိုင်ကာ ကျစ်ဆံမြှီးမှချန်ထားသောဆံပင်တစ်ချောင်းကိုယူပါ။
သုံးချောင်းကိုပူး၍ကျစ်ပါ။
ဘေးမှဆံပင်တစ်ချောင်းထပ်ယူပါ။
ကျစ်ထားသောဆံပင်တစ်ချောင်းနှင့်ပူးပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
အပေါ်တွင်ပြထားသလိုဘေးမှ ဆံပင်တစ်ချောင်းစီကိုယူကာဆက်ကျစ်ပေးပါ။
နောက်တစ်ဖက်ကိုလည်းအပေါ်တွင်ပြထားသလိုကျစ်ပါ။
3.အလှဆင်ပေးပါ။
ကြိုက်နှစ်သက်ရာဖြင့်အလှဆင်ပါ။