လေးချောင်းမကျစ်တတ်သေးသော ချစ်တို့အတွက် ကျစ်နည်းလေး အဆင့်ဆင့်ဖော်ပြထားပါတယ်နော်။
1. အပေါ်ဆံပင်ကိုအကုန်စုစည်းပြီး ဆံထိုးဖြင့် အလှဆင်ပါ။
ဆံပင်အားလုံးကို မြင့်မြင့်လေး စုစည်းပါ။
ဆံထိုးကိုသုံးပါမယ်။
စည်းထားသောဆံပင်ကြားထဲတွင် ဆံထိုးကို ထိုးပါ။
2. လေးချောင်းကျစ်ဆံမြှီး စကျစ်ပါမယ်။
နောက်ဆံပင်ကို လေးစခွဲပါ။
တစ်စကိုချန်၍ သုံးစကို အရင်ယူပါ။
သုံးစမှ အလယ်အစကို အောက်ဘက်သို့ပို့ပါ။
အလယ်စပေါ်သို့ ဘယ်ဘက်အစကိုတင်၍ ညာဘက်အစကို ဘယ်ဘက်အစပေါ်မှကျော်၍ အလယ်ထဲသို့ထည့်ပါ။
ချန်ထားသော အစကို ယူပါ။
ညာဘက်အစအောက်ထဲသို့ထည့်ပါ။
3.ဆံထိုးကိုပတ်၍ ဆံထုံးလုပ်ပါ။
အဆုံးထိ လေးချောင်းကျစ်ဆံမြှီး ကျစ်သွားပါ။p>
သားရေကွင်းစည်းပါ။
ကျစ်ဆံမြှီးကို ဆံထိုးအောက်မှ လျှိုယူပါ။
အဆုံးကို တစ်ဖက်ဆံထိုးအောက်မှ ယူ၍ အပေါ်သို့တင်ပါ။။
ကလစ်ဖြင့်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။