ရိုးရှင်းပြီးထုံးရလွယ်ကူတဲ့ ဆံပင်ထုံးနည်းလေးကို အလွယ်တကူထုံးနိုင်ရန်အတွက် ပျိုမေများကို တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ရှေ့ဆံပင်နှစ်ဖက်ကိုချန်ပါမယ်။
အနောက်ဆံပင်အားလုံးကို ဘေးသို့စုလိုက်ပါမယ်။
စုထားသောဆံပင်လမ်းကြောင်း တည့်တည့်ကိုကလစ်ဖြင့်ထိုးပါ။
ဘေးမှစုထားသောဆံပင်အားလုံးကို ခွေပေးရပါမယ်။
ခွေထားသောဆံပင်ကို အပေါ်သို့ပင့်ကာ ကပ်ပေးရပါမယ်။
ကပ်ထားသောဆံထုံးဘေးအနားကို ကလစ်ဖြင့်ထိုးပါမယ်။
2.ဆံထုံးထုံးပါမယ်။
အရှေ့မှချန်ထားသော ဆံပင်အားလုံးကိုယူပါမယ်။
ယူထားသောဆံပင်ကို ဆံထုံးဘေးနားသို့ပတ်ပါ။
ပတ်ထားသောဆံပင်ကို ခွေပေးရပါမယ်။
ခွေထားသောဆံပင်ကို ပထမခွေထားသောဆံပင်အပေါ်သို့တင်ပြီးကလစ်ဖြင့်ထိုးပါ။
ကျန်ဘေးတစ်ဖက်ဆံပင်ကို ယူပါမယ်။
ယူထားသောဆံပင်ကို ထုံးထားသောဆံပင်ဘေးနားကပ်ပြီး ကလစ်ဖြင့်ထိုးပါ။
ကလစ်ထိုးပြီးကျန်နေသောဆံပင်ကိုနှစ်ဖက်ခွဲပြီးခွေပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ကျန်ဆံပင်ကိုလဲခွေပြီးကလစ်ဖြင့် ထိုးပါမယ်။
ပန်းပွင့်ဖြင့်အလှဆင်ပါမယ်။