အလွယ်တကူစည်းဖွဲ့လို့ရတဲ့ ဆံပင်ပုံစံလေးကို ပျိုမေများစည်းဖွဲ့နိုင်ရန်တစ်ဆင့်ချင်း တင်ပြလိုက်ပါတယ်။
1.ဆံပင်စ စည်းပါမယ်။
ဆံပင်အလယ်တစ်ဝက်မှစပြီး ခြစ်ပေးရပါမယ်။
ခြစ်ထားသောဆံပင်အပေါ်ယံကို ဖြီးပေးပါမယ်။
ဖြီးထားသောဆံပင်ကို အနောက်တွင်စုပြီးကလစ်ဖြင့်ထိုးပါ။
အရှေ့ချန်ထားသောဆံပင်မှ ဆံပင်နှစ်ချောင်းကိုယူပါမယ်။
ယူထားသောဆံပင်ကို လိမ်ပါမယ်။
အရှေ့မှဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ထပ်လိမ်ပေးပါမယ်။
ဆံပင်ဆုံးသည်အထိလိမ်ပေးပါမယ်။
လိမ်ထားသောဆံပင်ကို အနောက်တွင်ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလဲရှေ့နညးအတိုင်း လိမ်ပါမယ်။
လိမ်ထားသောဆံပင်ကို အနောက်တွင်ကလစ်ဖြင့်ထိုးပါမယ်။
2.ဆံပင် ကိုအခွေလုပ်ပါမယ်။
လိမ်ထားသောဆံပင်မှ ပိုနေသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီး ကလစ်ဖြင့်ထိုးပါ။
Fancy ဖြင့်အလှဆင်ပါမယ်။