မမဖော်ပြပေးထားတဲ့ပြုလုပ်ပုံအဆင့်ဆင့်ကိုကြည့်ပြီးလုပ်ကြည့်နော်။
1.ဆံပင်ကိုလိမ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကိုနှစ်ချောင်းခွဲ၍ယှက်လိုက်ပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကို အပေါ်တွင်လိမ်ထားသောဆံပင်နှင့်ပူး၍လိမ်ပါ။
အပေါ်တွင်ပြထားသလိုဆက်လိမ်ကျစ်ပေးပါ။
အောက်ဆုံးအထိလိမ်ကျစ်ကာသားရေကွင်းဖြင့်စည်းပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုလိမ်ကျစ်ပေးပါ။
2.ဆံပင်ကိုဆက်လိမ်ပါ။
ပထမဆံပင်ကိုဆန့်ကျင်ဘက်ကိုပို့ကာ စည်းထားသောနေရာတွင်ကလစ်ထိုးပေးပါ။
နောက်တစ်ဖက်ကိုလည်းစည်းထားသောနေရာတွင်ကလစ်ထိုးပေးပါ။
စည်းထားသောဆံပင်ကိုလိမ်ပေးပါ။
အဆုံးထိလိမ်ကာသားရေကွင်းဖြင့်စည်းပါ။
လိမ်ထားသောသုံးချောင်းကိုပူး၍သားရေကွင်းဖြင့်စည်းပါ။
3.အလှဆင်ပေးပါ။
ကြိုက်နှစ်သက်ရာဖြင့်အလှဆင်ပါ။