ဘယ်လိုစည်းရမလည်းဆိုတာကို အဆင့်ဆင့်ဖော်ပြပေးထားမှာ ဖြစ်တဲ့အတွက်ဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုလိမ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုတစ်ဖက်ဘေးတွင်စိုက်ကာ ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ကွင်းထဲသို့ယူထားသောဆံပင်ကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
နောက်နှစ်ဆင့်ကိုလည်း အပေါ်တွင်ပြထားသလိုလုပ်ပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုလိမ်ပေးပါ။
2.ဖဲပြားပုံလုပ်ပါ။
ဆံပင်အလယ်နားမှနေ၍ သားရေကွင်းဖြင့်စည်းပေးပါ။
စည်းထားသောဆံပင်အလယ်ထဲသို့ လက်ကိုနှိုက်ကာဆံပင်အစကိုပြန်ဆွဲပါ။
အစကိုအပြင်ကိုဆွဲထုတ်လိုက်ပါ။
လိမ်လိုက်သောဆံပင်ကို အပေါ်ကိုတွန်းတင်လိုက်ပါ။
ကလစ်ဖြင့်အလယ်မှထိန်းပေးပါ။
3.ကျစ်ဆံမြှီးကျစ်ပါ။
စည်းထားသောဆံပင်ကိုသုံးချောင်းခွဲပါ။
သုံးချောင်းကိုပူး၍ကျစ်ပါ။
အနည်းငယ်ဆက်ကျစ်ကာ သားရေကွင်းဖြင့်စည်းပါ။
ပန်းပွင့်လေးဖြင့်အလှဆင်ပေးပါ။