ထုံးဖွဲ့ရာတွင်လွယ်ကူမြန်ဆန်စေဖို့အတွက် ပြုလုပ်ပုံအဆင့်ဆင့်ကိုဖော်ပြပေးမယ်နော်။
1.ဆံထုံးထုံးပါ။
ဆံပင်အားလုံးကိုအနောက်တွင်စုကာ သားရေကွင်းဖြင့်စည်းပါ။
ဒိုးနတ်ကွင်းကိုသုံးပါ။
ဒိုးနတ်ကွင်းကိုစည်းထားသောဆံပင်တွင်စွတ်လိုက်ပါ။
ဆံပင်အရင်းတွင်ကပ်ကာ ကလစ်ဖြင့်ထိုးပေးပါ။
အောက်မှကျန်သောဆံပင်များကို အပေါ်ကိုလှန်ချကာ ဒိုးနတ်ကွင်းကိုအုပ်လိုက်ပါ။
အုပ်ထားသောဆံပင်ပေါ်သို့ သားရေကွင်းစည်းလိုက်ပါ။
အပေါ်မှဆံပင်များကို အောက်ကိုဆွဲချပါ။
2.နှစ်ကြောင်းထိုးကျစ်ပါ။
ကျန်သောဆံပင်ကိုနှစ်ခြမ်းခွဲကာ တစ်ဖက်ကိုနှစ်ချောင်းပြန်ခွဲပါ။
ခွဲထားသောဆံပင်တစ်ဖက်မှ အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကိုပို့၍ပူးပါ။
ပူးထားသောဘက်မှ ဆံပင်အနည်းငယ်ကိုပြန်ယူပါ။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကိုပို့၍ပူးပါ။
အပေါ်တွင်ပြထားသလိုဆက်ကျစ်သွားပါ။
အောက်ဆုံးအထိဆက်ကျစ်သွားပါ။
ကျစ်ထားသောဆံပင်ကိုဖွပေးပါ။
နောက်တစ်ဖက်မှကျန်သောဆံပင်ကိုလည်းကျစ်ပေးပါ။
3.ဆံထုံးကိုအလှဆင်ပါ။
ကျစ်ထားသောဆံပင်တစ်ချောင်းကိုယူကာဆံထုံးကိုပတ်လိုက်ပါ။
အစကိုသိမ်းကာကလစ်ဖြင့်ထိုးပါ။
နောက်ကျစ်ဆံမြှီးတစ်ချောင်းကိုလည်းဆံထုံးကိုပတ်ပေးပါ။
ကလစ်ဖြင့်သေချာထိုးပေးပါ။