ဆံပင်အရှည်ကိုမှ ဆံထုံးမထုံးချင်တဲ့ ချစ်တို့အတွင် ဒီပုံစံလေးက တစ်မျိုးလေး လှနေမှာမို့ အဆင့်ဆင့်လိုက်လုပ်ကြည့်နော်။
1. အပေါ်ဆံပင်ကို အ၀ိုက်ကျစ်ဆံမြှီး ကျစ်ပါမယ်။
ရှေ့ဆံပင်ကို အလယ်ခွဲပါမယ်။
ငယ်ထိပ်နေရာလောက်က ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ဘေးမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်း၍ကျစ်ပါ။
ဘေးမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်း၍ကျစ်ပါ။
ဆံပင်တစ်ဝက်ထိ ဘေးဆံပင်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်း၍ကျစ်ပါ။
2. အစနှစ်ခုကို စုစည်းပါ။
တစ်ဝက်ထိကျစ်၍ သားရေကွင်းဖြင့်စည်းပါ။
နောက်တစ်ဖက်ကိုလဲ ဆက်လက်လုပ်ဆောင်ပါ။
အလယ်တွင် နှစ်ခုကို စု၍စည်းပါ။
3.ကျန်ဆံပင်အားလုံးကို ယူ၍ငါးရိုးကျစ်ဆံမြှီး ကျစ်ပါ။
စည်းထားသောဆံပင်မှ ပိုသောဆံပင်ကို နှစ်စခွဲပါ။
ညာဘက်မှ အစကိုနည်းနည်းယူပါ။
ဘယ်ဘက်ကို ပို့ပါ။
အောက်ဘက်မှကျန်သောဆံပင်ကို အနည်းငယ်ထပ်ယူပါ။
ဘယ်ဘက်ကိုဘဲ ပို့ပါ။
4.ဆက်ကျစ်သွားပါမယ်။
ဘယ်ဘက်မှ အစကိုနည်းနည်းယူပါ။
ညာဘက်ကို ပို့ပါ။
အောက်ဘက်မှကျန်သောဆံပင်ကို အနည်းငယ်ထပ်ယူပါ။
ညာဘက်ကိုဘဲ ပို့ပါ။
ဆံပင်ကုန်သည်အထိကျစ်၍ သားရေကွင်းဖြင့်စည်းပါ။